ekdifiHwumeSihfyl;aygif;aqmif&GufaerSkrsm;

စီမံကိန်းအမည်- သစ်တော သယံဇာတများ ဆန်းစစ်လေ့လာခြင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များ လျော့ပါးသက်သာစေရန် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးစီမံကိန်းCapacity Building on Improving Forest Resources Assessment and Enhancing the Involvement of the Local Communities to Address the Adverse Impact of Climate Change
စီမံကိန်းအမျိုးအစား (TCP/Grant/Loan) - Grant
စီမံကိန်းဒေသ - မရှိပါ။ (သင်တန်းများဖွင့်လှစ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သဖြင့် စီမံကိန်းဒေသ သတ်မှတ်ထားခြင်းမရှိပါ။)
အထောက်အပံ့ပေးသည့် အဖွဲ့အစည်း - ကိုရီးယားသစ်တောဌာန (Korea Forest Service)
စီမံကိန်းကာလ - ၆-၈-၂၀၁၄ မှ ၃၀-၁၁-၂၀၁၅ ထိ (၁၅) လ
အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာန
ဆောင်ရွက်မည့်လုပ်ငန်းများ - သစ်တောသယံဇာတ ဆန်းစစ်ခြင်းဆိုင်ရာ ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲ (FRA) ကျင်းပခြင်း၊
- REDD+ နှင့်သစ်တောသယံဇာတဆန်းစစ်ခြင်း လုပ်ငန်း အထောက်အကူပြု RS/GIS ဆရာ ဖြစ်သင်တန်းဖွင့်လှစ်ခြင်း၊
- REDD+ နှင့် သစ်တောသယံဇာတ ဆန်းစစ်ခြင်းလုပ်ငန်း အထောက်အကူပြုကွန်ပြူတာ၊ ဂြိုဟ်တုဓာတ်ပုံနှင့် ဆက်စပ် ပစ္စည်းများဝယ်ယူခြင်း၊
- ကျေးလက်ပြည်သူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အချက်အလက် စုဆောင်းခြင်းနှင့် သုတေသနပြုလုပ်ခြင်း၊
- ကျေးလက်ပြည်သူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိန်းဂဏန်းစိစစ်ခြင်းနှင့်အစီရင်ခံစာရေးခြင်း။
ဆက်သွယ်ရန်ပုဂ္ဂိုလ် - ဒေါက်တာသောင်းနိုင်ဦး (ညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာန)၊ စီမံကိန်းမန်နေဂျာ
ဖုန်း- ၀၆၇၄၁၆၅၂၄၊ ၀၆၇၄၁၆၅၂၃

စီမံကိန်းအမည်- အာဆီယံ-ကိုရီးယားသစ်တော ကဏ္ဍပူးပေါင်း ဆောင်ရွက် မှုဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း တည်ထောင်ခြင်း စီမံကိန်း The establishment of ASEAN-ROK Forest Cooperation Regional Education and Training Centre (AFoCo RETC)
စီမံကိန်းအမျိုးအစား(TCP/Grant/Loan) - Grant
စီမံကိန်းဒေသ - ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်
အထောက်အပံ့ပေးသည့်အဖွဲ့အစည်း - ကိုရီးယားသစ်တောဌာန(Korea Forest Service)
စီမံကိန်းကာလ - ၁-၈-၂၀၁၄ မှ ၃၁-၇-၂၀၂၃ ထိ (၁၀) နှစ်
အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာနနှင့် AFoCo Secretariat
ဆောင်ရွက်မည့်လုပ်ငန်းများ - အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွက် သစ်တောကဏ္ဍ ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရန် ဒေသအဆင့် သင်တန်းကျောင်းတည်ဆောက်ရန်၊
- ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးများ ကျင်းပရန်၊
- အာဆီယံ-ကိုရီးယားသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်မြင့်မားရေး အတွက် ပူးပေါင်းဆောင်ရွက်ရန်။
ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာန
ဖုန်း- ၀၆၇၄၀၅၁၁၂

စီမံကိန်းအမည် - ဇီဝသယံဇာတ အရင်းအမြစ်နှင့် သတင်းအချက်အလက် များ ပူးပေါင်းရေး စီမံကိန်းCooperation Concerning Biological Resources and Information
စီမံကိန်းအမျိုးအစား(TCP/Grant/Loan) - TCP
စီမံကိန်းဒေသ - မြန်မာနိုင်ငံ
အထောက်အပံ့ပေးသည့်အဖွဲ့အစည်း - ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဇီဝအရင်းအမြစ် သိပ္ပံဌာန (National Institute of Biological Resources of the Republic of Korea-NIBR)
စီမံကိန်းကာလ - ၁၁-၈-၂၀၁၄ မှ ၁၀-၈-၂၀၁၇ ထိ (၃)နှစ်
အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာနနှင့် NIBR
ဆောင်ရွက်မည့်လုပ်ငန်းများ - သဘာဝနယ်မြေများရှိ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သတင်း အချက်အလက်များအား ကောက်ယူစုဆောင်းပြီး စနစ် တကျမှတ်တမ်းတင်ရန်၊
- မြန်မာနိုင်ငံရှိ အဓိကကျသော ဂေဟစနစ်များတွင် ကွင်းဆင်းလုပ်ငန်းနှင့်မျိုးစိတ်သုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်၊
- လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ခြင်းအဖြစ် ညီလာခံ၊ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ နှီးနှောဖလှယ်ပွဲများနှင့် သင်တန်း များ ကျင်းပခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်။
ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့်သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာန
ဖုန်း - ၀၆၇ ၄၀၅၀၀၂၊ ၄၀၅၃၉၇

စီမံကိန်းအမည် - ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအတွင်း ဒီရေတောများ ပြန်လည် တည်ထောင်ခြင်းအတွက် စွမ်းဆောင်ရည် တည်ဆောက်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းစီမံကိန်း Capacity Building, Research and Development Activity of Mangrove Reforestation in the Ayeyarwady Delta
စီမံကိန်းအမျိုးအစား(TCP/Grant/Loan) - TCP
စီမံကိန်းဒေသ - ဒီရေတောများအဓိကရှင်သန်ပေါက်ရောက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး
အထောက်အပံ့ပေးသည့်အဖွဲ့အစည်း - World View International Foundation-WIF နှင့် ကမ္ဘာ့ရှုခင်းမြန်မာ (Worldview Myanmar Limited-WML)
စီမံကိန်းကာလ - (၃) နှစ် (၂၀၁၄ ခုနှစ်၊ မေလမှ ၂၀၁၇ ခုနှစ်၊ ဧပြီ လထိ)
အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာန၊ World View International Foundation-WIF ၊ Worldview Myanmar Limited-WML
ဆောင်ရွက်မည့်လုပ်ငန်းများ - ဒီရေတောစိုက်ခင်းများတည်ထောင်ရန်၊
- တက္ကသိုလ်စာကြည့်တိုက်များသို့ စာအုပ်၊စာတမ်းများနှင့် သင် ထောက်ကူပစ္စည်းများထောက်ပံ့ပေးရန်၊
- သစ်တောသုတေသနလုပ်ငန်းများအတွက် သုတေသနသုံး ပစ္စည်းကိရိယာများကူညီပံ့ပိုးရန်၊
- သစ်တောပညာရပ်ဆိုင်ရာ ဘွဲ့ကြိုနှင့်ဘွဲ့လွန်သင်တန်း ကျောင်းသားများအား ပညာသင်ထောက်ပံ့ကြေးများ ကူညီ ပံ့ပိုး ပေးရန်၊
- ပုသိမ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်နှင့် ပူးပေါင်း၍ ဒီရေတော ဥယျာဉ်တည်ထောင်ရန်။
ဆက်သွယ်ရန်ပုဂ္ဂိုလ် - ဦးဘိုနီ၊ ညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန
- ဒေါက်တာတိုးတိုးအောင်၊ ဦးစီးအရာရှိ၊ ရေဝေရေလဲဒေသ အုပ်ချုပ်ရေးဌာန
ဖုန်း- ၀၆၇ - ၄၀၅၁၁၊ ၀၆၇ - ၄၀၅၃၉၈

စီမံကိန်းအမည် - ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်းဆိုင်ရာ ပဉ္စမအကြိမ်မြောက် အစီရင်ခံစာပြုစုရေးနှင့် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (NBSAP) Update ပြုလုပ်ရေးစီမံကိန်း Fifth National Report to the United Nations Convention on Biological Diversity and National Biodiversity Strategy and Action Plan (NBSAP) Update
စီမံကိန်းအမျိုးအစား (TCP/Grant/Loan) - Grant
စီမံကိန်းဒေသ - မြန်မာနိုင်ငံ
အထောက်အပံ့ပေးသည့်အဖွဲ့အစည်း - ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် The United Nations Environment Programme-UNEP
စီမံကိန်းကာလ - ၂၃-၅-၂၀၁၄ မှ ၂၂-၅-၂၀၁၅အထိ (၁)နှစ်
အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာန
ဆောင်ရွက်မည့်လုပ်ငန်းများ - ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်းဆိုင်ရာ ပဉ္စမအကြိမ်မြောက် အစီရင်ခံစာပြုစုရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊
- နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်း စီမံချက် (NBSAP) Update ပြုလုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊
- CBD ဆိုင်ရာ ပဉ္စမမြောက် အစီရင်ခံစာနှင့် NBSAP Update တို့အား ပုံနှိပ်ထုတ်ဝေဖြန့်ချီရန်၊
ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန
ဖုန်း - ၀၆၇ ၄၀၅၀၀၂၊ ၄၀၅၃၉၇

စီမံကိန်းအမည် - တနင်္သာရီတိုင်းဒေသကြီးအတွင်း အဏ္ဏဝါနှင့် ကုန်းမြေ ဇီဝ မျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်း Collaboration Program to support the Conservation of Marine and Terrestrial Biodiversity in the Tanintharyi Region
စီမံကိန်းအမျိုးအစား(TCP/Grant/Loan) - TCP
စီမံကိန်းဒေသ - တနင်္သာရီတိုင်းဒေသကြီး
အထောက်အပံ့ပေးသည့်အဖွဲ့အစည်း - အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ Fauna and Flora International (FFI)
စီမံကိန်းကာလ - ၄-၁၁-၂၀၁၃ မှ ၃-၁၁-၂၀၁၈ အထိ
အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာနနှင့် FFI
ဆောင်ရွက်မည့်လုပ်ငန်းများ - သဘာဝနယ်မြေများ ထိန်းသိမ်းကာကွယ်ရန် ဦးစားပေးရ မည့် အဏ္ဏဝါမျိုးစိတ်များ၊ အဏ္ဏဝါဂေဟစနစ်များနှင့် ကျက်စား နယ်မြေများ ထိန်းသိမ်းကာကွယ်ခြင်းကို အထောက်အကူ ပြုရန်စီမံချက်များရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ရန်၊
- ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်၊ အဏ္ဏဝါဂေဟစနစ်များနှင့် မျိုးစိတ်များအား ထိန်းသိမ်းကာကွယ်ထားမှုကို သုံးသပ်ခြင်းနှင့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲ စာရင်းကောက်ယူရန်၊
- မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နေသော မျိုးစိတ်များအား ထိန်းသိမ်းကာကွယ်ထားမှုကို သုံးသပ်ခြင်းနှင့်စာရင်း ကောက်ယူရန်၊
- တနင်္သာရီ ဇီဝမျိုးစုံမျိုးကွဲ ဆက်စပ်ဒေသတစ်ခု ဖြစ်ပေါ် လာရေး၊ ဘက်စုံထိန်းသိမ်းရေးနမူနာပုံစံတစ်ခု ဖြစ်ပေါ်ရေး၊ ရေဝေရေလဲဒေသ ကာကွယ်ရေးနှင့် သန္တာကျောက်တန်းမှ တောင်တန်းအထိပါဝင်မည့် တနင်္သာရီမြစ်ရေဝေရေလဲဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အား ပံ့ပိုးရန်၊
- သဘာဝနယ်မြေများ အသစ်တိုးချဲ့ခြင်းနှင့် ပေါင်းစည်း အုပ်ချုပ်ခြင်းတို့ကို ပံ့ပိုးရန်၊
- ဇီဝအဝန်းကြိုးဝိုင်း (Biosphere reserve) ကဲ့သို့သောစီမံ အုပ်ချုပ်မှုပုံစံအသစ်များ ဖြစ်ပေါ်လာရေးနှင့် အဏ္ဏဝါ/ကမ်းရိုးတန်း ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရေးနှင့် ရေရှည်အသုံးချ နိုင်ရေးတို့တွင် ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများနှင့် ဆက်စပ် ပတ်သက်သူများအား စွမ်းဆောင်ရည် မြှင့်တင်ရန်၊
- ဒေသခံများ လူနေမှုဘဝမြင့်မားရေးနှင့် ဒေသခံများပါဝင်သည့် အဏ္ဏဝါသယံဇာတ စီမံအုပ်ချုပ်မှုစနစ်ဖြစ်ပေါ်ရေး ထောက်ပံ့ရန်၊
- ထိန်းသိမ်းရေးနှင့် ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေးတို့ဆိုင်ရာ နိုင်ငံ နှင့်ဒေသအဆင့်မူဝါဒများ၊ မဟာဗျူဟာများနှင့် စီမံချက်များအား ပံ့ပိုးပေးရန်။
ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန
ဖုန်း - ၀၆၇ ၄၀၅၀၀၂၊ ၄၀၅၃၉၇

စီမံကိန်းအမည် - ဟိမဝန္တာတောင်တန်းဒေသ သစ်ပင်ပန်းမန်များ သုတေသန ဆိုင်ရာ ပူးပေါင်းရေး စီမံကိန်း Cooperation for Flora of Pan-Himalayas
စီမံကိန်းအမျိုးအစား (TCP/Grant/Loan) - TCP
စီမံကိန်းဒေသ - ကချင်ပြည်နယ်၊ ပူတာအိုခရိုင်
အထောက်အပံ့ပေးသည့်အဖွဲ့အစည်း - တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်သိပ္ပံအကယ်ဒမီ၊ ရုက္ခ ဗေဒဌာန (Institute of Botany, Chinese Academy of Science-IBCAS)
စီမံကိန်းကာလ - ၁၅-၇-၂၀၁၃ မှ ၁၄-၇-၂၀၁၆ အထိ
အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီ၊ ရုက္ခဗေဒ ဌာန (IBCAS)
ဆောင်ရွက်မည့်လုပ်ငန်းများ - အပင်မျိုးစိတ်များစာရင်း ကောက်ယူရန်နှင့် သုတေသန ပြုလုပ်ရန်၊
- ဝန်ထမ်းများအား အပင်အမျိုးအစား ခွဲခြားခြင်းနှင့် ရုက္ခဗေဒပညာရပ်ဆိုင်ရာတို့တွင် ပိုမိုတိုးတက်လာစေရန် သင်တန်းပေးရန်။
ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန
ဖုန်း - ၀၆၇ ၄၀၅၀၀၂၊ ၄၀၅၃၉၇

စီမံကိန်းအမည် - မြန်မာနိုင်ငံတွင် အပင်မျိုးစိတ်များ သုတေသနဆိုင်ရာ ပူးပေါင်းရေး စီမံကိန်း Cooperation in Plant Biodiversity Research in Myanmar
စီမံကိန်းအမျိုးအစား (TCP/Grant/ Loan) - TCP
စီမံကိန်းဒေသ - စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တို့အတွင်းရှိ သဘာဝနယ်မြေများ
အထောက်အပံ့ပေးသည့် အဖွဲ့အစည်း - တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စစ်ဆောင်ပနားအပူပိုင်းရုက္ခ ဗေဒဥယျာဉ် (Xishuangbanna Tropical Botnical Garden-XTBG)
စီမံကိန်းကာလ - ၄-၆-၂၀၁၃ မှ ၃-၆-၂၀၁၆ အထိ
အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာနနှင့် စစ်ဆောင်ပနားအပူပိုင်းရုက္ခဗေဒ ဥယျာဉ် (XTBG)
ဆောင်ရွက်မည့်လုပ်ငန်းများ - စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ သဘာဝနယ်မြေများအတွင်း အပင်မျိုးစိတ်များ၏ လက်ရှိ အခြေအနေ ပျံ့နှံ့ပေါကြွယ်ဝမှုနှင့် မျိုးသုန်းရန်အန္တရာယ် ရှိသော မျိုးစိတ်များအပေါ် ကျရောက်နေသည့် ခြိမ်းခြောက်မှု များအား ဆန်းစစ်လေ့လာရန်၊
- လေ့လာတွေ့ရှိသောအပင်များ၊ စိတ်များအား စုဆောင်း၍ သိပ္ပံနည်းကျ ဓါတ်ခွဲစမ်းသပ်ရန်၊
- ဝန်ထမ်းများအား အပင်မျိုးစိတ်ခွဲခြားခြင်းနှင့် ရုက္ခဗေဒ ပညာရပ်ဆိုင်ရာ သင်တန်းများ ပို့ချရန်၊
- သစ်တောသုတေသနဌာန၊ ရေဆင်းတွင် အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာသုတေသနဌာန(Southeast Asia Biodiversity Research Centre of CAS-SEABRC) နှင့် စီမံကိန်းရုံးခန်း ဖွင့်လှစ်ရန်။
ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန
ဖုန်း - ၀၆၇ ၄၀၅၀၀၂၊ ၄၀၅၃၉၇

စီမံကိန်းအမည် - ဒေသခံပြည်သူများ၏အကျိုးအမြတ်ရရှိမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ အား ညီညွှတ်မျှတမှုရှိစေသော စံနှင့်ညွှန်းကိန်းများ လေ့လာ သုံးသပ်ခြင်းစီမံကိန်း Assessment of Criteria and Indicators for Securing the Co-benefit of Local Community and Biodiversity
စီမံကိန်းအမျိုးအစား (TCP/Grant/ Loan) - TCP (နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစီမံကိန်း)
စီမံကိန်းဒေသ - ပဲခူးရိုးမဒေသနှင့် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်
အထောက်အပံ့ပေးသည့်အဖွဲ့အစည်း - ဂျပန်နိုင်ငံ၊ ဂျပန်နိုင်ငံပတ်ဝန်းကျင်ဝန်ကြီးဌာန
စီမံကိန်းကာလ - ၄/၂၀၁၄ မှ ၃ / ၂၀၁၇ ထိ
အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားတက္ကသိုလ်
ဆောင်ရွက်မည့်လုပ်ငန်းများ - ရှမ်းပြည်နယ်၏ လူမှုစီးပွားရေးအခြေအနေများကို လေ့လာ ခြင်း၊
- ပဲခူးရိုးမဒေသ၏ လူမှုစီးပွာရေးများကိုလေ့လာခြင်း၊
- မြေယာ ပြောင်းလဲခြင်းနှင့် သစ်တောဖုံးလွှမ်းမှုကဏ္ဍနှင့် ပက်သက်၍ An analysis of overall vegetation and carbon stock change in relation to the political control of land use management ကို လေ့လာခြင်း၊
- ဒေသခံပြည်သူများနှင့် ဇီဝမျိုးစုံမျိုးကွဲများကြား ညီညွတ် မျှတသော အကျိုးရလဒ်ကိုလေ့လာခြင်း။
ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာန
ဖုန်း- ၀၆၇ - ၄၁၆၅၂၄ ၀၆၇ - ၄၁၆၅၂၃

စီမံကိန်းအမည် (မြန်မာ) - ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်း
(အင်္ဂလိပ်)
- Collaborative Program to support the Conservation of Biodiversity in Myanmar
စီမံကိန်းအမျိုးအစား(TCP/Grant/ Loan) - TCP
စီမံကိန်းဒေသ - မြန်မာနိုင်ငံ
အထောက်အပံ့ပေးသည့်အဖွဲ့အစည်း - အပြည်ပြည်ဆိုင်ရာ အပင်နှင့် တောရိုင်းတိရစ္ဆာန်အဖွဲ့ Fauna and Flora International (FFI)
စီမံကိန်းကာလ - ၆-၁၂-၂၀၁၂ မှ ၅-၁၂-၂၀၁၇ အထိ
အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာနနှင့် Fauna and Flora International (FFI)
ဆောင်ရွက်မည့်လုပ်ငန်းများ - မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ဒေသခံများ ပူးပေါင်းပါဝင်မှုနှင့်အတူ ဂေဟစနစ် စီမံ အုပ်ချုပ်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊
- အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ပူးပေါင်း စီမံအုပ်ချုပ်မှုမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရန်၊
- သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊
- Hoolock Gibbon မျောက်မျိုးစိတ်များနှင့် အခြား ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊
- ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများ တည်ထောင် နိုင်ရေး ကူညီပံ့ပိုးရန်၊
- ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားလာစေရန် သင်တန်း ကျင်းပပြုလုပ်ရန်၊
- ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊
- မြန်မာ့နှာခေါင်းလှန်မျောက် မျိုးစိတ်သစ်ဆိုင်ရာ အချက် အလက်များအား သိပ္ပံနည်းကျ လေ့လာဖော်ထုတ်ရန် နှင့် မြန်မာ့နှာခေါင်းလှန်မျောက် ထိန်းသိမ်းကာကွယ် ရေးဆိုင်ရာ စီမံချက်များ ရေးဆွဲရန်။
ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာန
ဖုန်း - ၀၆၇ ၄၀၅၀၀၂၊ ၄၀၅၃၉၇

Pages